Tuesday, May 1, 2012

ရွာကျောင်းရဲ့ရင်ခွင်

ရွာကျောင်းလေးက 
ထွက်သက်မဲ့ လူနာလို 
နောက်ဆုံးခွန်အားနဲ့ 
ငါတို့ဆီ ပြေးလာဖူးတယ်...။
လမိုက်ညတွေ ခဏခဏကြွေဖို့
ဘ၀ထဲကို စီးဆင်းရင်း
ရွာကျောင်းရဲ့ ရင်ခွင်ကို
ငါတို့တွေ ငြင်းခဲ့ကြတာ..။
ဘယ်ရောက်သွားလဲ....
ရိုးသားမှု အပြည့်
ဖြူစင်မှု တစ်ပုံတစ်ပင်
အကောင်းမြင်မှု တစ်ပွေ့တစ်ပိုက်
ရိုင်းပင်းမှု အများအပြား.....။
ကြယ်ကြွေတိုင်းတော့
ဆုမတောင်းဖြစ်တော့ဘူး..။
ငါ့ လွယ်အိတ်လေးထဲမှာ
ငါပျောက်နေတဲ့
အရာတွေ ၇ှိမလား...။
ဒါပေမယ့်
ရွာကျောင်းလေးလဲ ခေါင်းလောင်းသံ တိတ်တာကြာပီ..။
ငါ့လွယ်အိတ်လေးလဲ ပျောက်ဆုံးနေတာကြာပီ..။
ဒီလိုပါဘဲ ...
ငါတို့တွေလည်း
လမိုက်ညတွေမှာ
ကြယ်ကြွေတွေဆုတောင်းနေရာ မောနေလှပေါ့..။
လာ....
တို့လွယ်အိတ်တွေ ပြန်၇ှာရင်း ရွာကျောင်းရဲ့ ခေါင်းလောင်းကို
ပြန်တီးခတ်ရအောင်...။

Sunday, April 29, 2012


နောက်ဆုံး

လှ ၁ စင်းရယ်၊ မြင်း ၁ စီးရယ်..ဘယ်တော့မှ မရောက်တော့မယ့် ပဲခူး၊ ဘယ်တော့မှ မရောက်တော့မယ့် စစ်ကိုင်း၊ ရင်ခွင်ရိုင်းလည်း ပြိုလို့.. ငါ့လှေလေးလည်း နစ်လို့..။ 
(ကောင်မလေးရေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၈ နှစ်မှ ငါ နင့်ဘေးနားမှာ မရှိခဲ့ဘူး။ ဒါပေမယ့် ခုချိန်ကစပြီး လာမယ့်နှစ်ပေါင်းများစွာ တိုင်အောင် ငါ နင့်ဘေးမှာ ရှိချင်တယ်။ နောက်ဘ၀ လောက် အထိ ငါ လောဘ မကြီးပါဘူး။ နောက်ထပ် နှစ်ပေါင်း ၁၀၀ လောက်ပါဘဲ။) နင့်ကို ရည်ညွှန်းပီး ငါရေးခဲ့ဖူးတဲ့ အဲဒီ့ ကွန့်မန့် လေးအတိုင်း ငါ တကယ် မျှော်လင့်ခဲ့တာပေါ့..။
နင့်ကို လွမ်းတိုင်း နှင်းတွေက ငါ့နှလုံးသားထဲမှာ အရမ်းကို ကျနေကျဆို တော့ နောက် နှစ် ၁၀၀ အထိ မပြီးဆုံးသေးမယ့် ဆောင်းထဲမှာ နေ့တိုင်းဟာ တနင်္လာဖြစ်နေဦးမှာလေ..။ ငါတို့ နှစ်ယောက် ဆက်နေခဲ့တယ် လို့ ထင်တဲ့ နှလုံးသားမြေပုံကလည်း ဖေဖေါ်ဝါရီ ၃၀ မှ ဘဲ ပီးဆုံးမယ်ထင်ပ..။
ထားပါတော့ဟာ...။ ညဘက်တွေတိုင်း နင့်ကို ငါပြောပြနေတတ်တဲ့ ပုံပြင် တွေထဲမှာလည်း ရင်ကွဲပြက်လုံးဆိုတဲ့ နောက်ဆုံး ပုံပြင်လေး တစ်ပုဒ်ကို ငါပြောပြခဲ့ပြီးပီဘဲ..။
နင်ငါ့ကို နှုတ်မဆက်ပါနဲ့ဟ..။ ငါ့ကို နှုတ်ဆက်ဖို့က နင့်အတွက် အဲဒီ့ပုံပြင်ထဲကလို ပြောမထွက်ခဲ့မှန်းငါသိလို့ပါ..။ ငါကတော့ နှုတ်မဆက်တော့ ပါဘူး..။ ရင်ဘတ်ထဲမှာ နင်ရှိနေမှာဘဲကို..။ သူရဲကောင်းမဆန်ချင်ဘူးလို့ ငါပြောခဲ့ပြီးပီဘဲ... ဒါပေမယ့် နင်က မှ ဒီအခြေအနေကို မလိုချင်တော့ တာလေ..။ ရိုးရိုးလေးဘဲ ငါရဲရင့်ရတော့မှာပေါ့...။ နင့်အတွက် ငါရဲ့ နှလုံးသွေးနဲ့ ရေးတဲ့ ကာရံမဆန်တဲ့ ကာရံတစ်ခု ငါချရေးသင့်ပီထင်တယ် ။ ...................................ငါ နင့်ကို မချစ်ခဲ့ပါဘူး..။ .........................
ဒါပေမယ့်........... ခုတစ်လော ငါ့ရင်ဘတ်တွေ ပိုအောင့် အောင့်လာတယ်.။
ပြီးတော့ အပြင်မှာ နှင်းတွေလည်း အရင်ကထက်ပိုကျလာတယ်..။

(ပြက်လုံး တစ်ခုစီကို လည်း လေးနက်စွာ ရယ်မော ဖြစ်ခဲ့သည်။ သို့သော်လည်း တစ်ခုခု လိုနေသလိုပင်...
သေသေချာချာ ပြန် လည်စဉ်းစားကြည့်မှ လိုအပ် ချက် တစ်ခုကို ကိုယ်သွားတွေ့ သည်။ ထိုပြက်လုံးတို့သည် ကိုယ်ကိုယ်တိုင် ပါဝင်၍ တစ်သက်မှာ တစ်ခါသာ ပြက်ခဲ့ဖူးသော ပြက်လုံးလောက် ရယ်စရာ မကောင်းကြောင်းနှင့် ကိုယ့်ရင်ကို မထိကြောင်းကို တွေ့ရလေသည်။
“နောက်...တာ”
ကိုယ်ခပ်တိုးတိုး ရေ ရွတ်ကြည့်သည်။
“ဟာ...ဟ နောက် တာ”
ကိုယ် နှစ်ခြိုက်သွား သည်။
“ဟား... ဟား၊ ဟား ဟား နောက်တာနော် နောက်တာ”
ကိုယ် အားရပါးရ ရယ်မော လိုက်တော့သည်။)

နင် မှတ်မိမယ်ထင်ပါတယ်..။ နင့်ကို နောက်ဆုံး ငါပြောပြဖြစ်ခဲ့တဲ့ ရင်ကွဲပြက် လုံး ဆိုတဲ့ ၀ထ္ထုတိုလေးရဲ့ ဇတ်သိမ်းခန်းလေးလေ...။
အခု..... ငါခေါင်းမော့လိုက်တယ်...။
အိမ်မက်ထဲက အလင်းေ၇ာင်တွေအတွက် ငါ........နင့်ကို.........အရမ်းကျေးဇူးတင်ပါတယ်။ဒါပေမယ့် ငါဘယ်တော့မှ နိးခွင့်ရတော့မှာ မဟုတ်ဘူး...။







---တမ်းချင်း---

ငါတို့တွေအများကြီး ကြိုးစားရဦးမှာပါ..။ 
ငါတို့ ဘ၀အတွက်..
ငါတို့မိသားစုတွေအတွက်..
ငါတို့ နိုင်ငံအတွက်...
သွေးကို သွေးနဲ့ရင်း..
အိမ်မက်ကို ထုဆစ်ရင်းနဲ့ပေါ့..။
ငါ့အတွက်တော့
ငါ့နိုင်ငံ
ငါ့နိုင်ငံသား
ငါတို့ ဓမ္မတရားတွေအတွက်
ငါ့သွေးတွေ ရဲရင့်ရဦးမယ်...။
ငါ့အမေ..( ငါ့နိုင်ငံထဲက အမေတွေအားလုံးပေါ့..။)
ငါ့အဖေ...(ငါ့နိုင်ငံက အဖေတွေအားလုံးပေါ့..။)
ငါ့အစ်မ ငါ့ညီမ ငါ့အစ်ကို ငါ့ညီ..ငါ့မိသားစု..( ငါ့နိုင်ငံက မိသားစုအားလုံးပေါ့..)
ငါ ကြိုးစားရမှာ ...
အို .... အရှင်ဘုရား..
တပည့်တော် နိုင်ငံတော်အတွက်
တပည့်တော်အား အတ္တကြီးခွင့်ပြုပါ ....။
တပည့်တော် မျက်လုံးအစုံ မှိတ်သည်အထိ တပည့်တော် နိုင်ငံအပေါ်
ငါ့နိုင်ငံတော် အစွဲဖြင့် အသက်ရင်းပါစေသား..။ 

သဲအိမ်

ရင်ခွင်ဟောင်းက အိမ်မက်သာသာ 
ဟိုးတောင်ထိပ်မှာ အလွမ်း၇ှိတယ်တယ်.... 
မျှော်လင့်ချက်ဆိုတာ မနက်ဖြန်နဲ့ အချိုးကျ မကျ
ငါမသိဘူး..။
ပေးခဲ့တဲံ့ကတိလား ....
သူအိမ်ပြန်သွားပီ...
ရှေ့က ဖြတ်လမ်းမှာ
ချရောင်းနေတဲ့ နှလုံးသားတွေ အများသား...။
အဲဒီ့မှာ အချစ်၇ှိလား..
မနက်ဖြန်တိုင်းအတွက်တော့
တောင်ထိပ်အထိ ငါတို့တက်စရာမလိုဘူး..
ကိုယ့်အိမ်မက်ကို ကြိုးသီလို့
အတိတ်ကို ဇက်ကြိုးတပ်မယ်..
အနာဂတ်ကို ဆက်မလွမ်းဘူး......။
ရေတွေတက်လာပီ..
နင့်အနမ်းနဲ့ကျတဲ့ မျက်ရည်လား...
မရတော့ဘူးကွာ...
အဲ့ဒီ့နေရာမှာ ကျကွဲနေတာ အချစ်မဟုတ်ဘူး...။
ခဏလေး.....
ပြိုလင့်မယ့် နေ့ရက်တိုင်းအတွက်
ငါ့ သဲအိမ်လေး နေရာရွှေ့ချင်လို့
နင့်ရင်ဘတ်ကနေ .... ငါ့ရင်ဘတ်ဆီကို...။
မှတ်ထား
အဲဒါ ငါတို့နှစ်ယောက်ဆီက သစ္စာတရားနဲ့
တည်ဆောက်ခဲ့ရတာ....။